Thursday, January 1, 2015

ရန်ကုန် တိုင်းတရားလွှတ်တော်တွင် သုံးရောင်ခြယ်ကဒေါင်းအလံ တတ်ဆင်ခဲ့သူအား ဥပဒေအရအရေးယူပေးရန် တိုင်ကြားထား။



ရန်ကုန်-ဇန်န၀ါရီ၁
၂၀၁၅ခုနှစ်ဆန်း(၁)ရက်နေ့နံနက်က ရန်ကုန်မြို့ လယ်ရှိ တိုင်းတရားလွှတ်တော်နာရီစင်အလံတိုင်တွင် လွှင့်ထူထားခဲ့သည့် နိုင်ငံတော်အလံအစားသုံးရောင်ခြယ်ကဒေါင်း အလံကိုတတ်ဆင်ခဲ့သူအား
ဥပဒေအရအရေးယူပေးရန် ကျောက်တံတားရဲစခန်းသို့ တိုင်းတရားရေးဦးစီးမှုးရုံးက သွားရောက်တိုင်ကြားလိုက်ပြီဟုသတင်းရရှိသည်။
စီမံထောက်ပံ့ဌာန ဒုတိယညွှန်ကြားရေးမှုးအဆင့်ရှိ ဒေါ်နန်းရွှေမြင့်က
တိုင်ကြားခြင်းဖြစ်ပြီးကျောက်တံတားရဲစခန်းက
အမှုဖွင့်ရန်ဆက်လက်ဆောင်ရွက်နေကြောင်းစခန်းမှုး
ကပေါ်ပြူလားနယူးစ်သို့ ပြောသည်။
သုံးရောင်ခြယ်ဒေါင်းအလံကို လွှင့်ထူထားတာဗျဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးကဆိုသည်။
ဓါတ်ပုံ-(BBC Burmese )

No comments:

Post a Comment