Google Translate မှာ မြန်မာဘာသာပါဝင်လာပြီ
Google Translate မှာ မြန်မာဘာသာ ပါဝင်လာဖို့အတွက် စောင့်နေကြ သူများအတွက် ယခုတော့ တကယ်ပါဝင်လာပါပြီ။ အများစု အနေနဲ့ ဒါကို စက်က လုပ်တယ်လို့ ထင်ထားကြပါတယ်။ အမှန်တော့ Translation တစ်ခု ဖြစ်လာဖို့ အတွက် လူတွေက လိုအပ်တဲ့ အချက်အလက် အားလုံးကို ဖြည့်ထားခြင်းပါ။
ယင်း ဖြည့်ထားတဲ့ အချက်အလက်များကို ပြန်လည် အသုံးချလို့ Google မှ ပြန်လည်ရှာဖွေပြီး အနီးစပ်ဆုံး စကားလုံးကို ရွေးချယ် ဘာသာပြန်ပေးသွားပါတယ်။ ယခု ရက်ပိုင်းအတွင်းမှာ စတင်ပါဝင်လာပြီး ယင်းသို့ ပါဝင်လာဖို့အတွက် လုပ်အားပေးတာကတော့ ကြာခဲ့ပါပြီ။ ဆက်ပြီးတော့ လုပ်အားပေးချင်သူများ အနေနဲ့ Google Translate ကို အသုံးပြုရင်း လုပ်အားပေးနိုင်ပါတယ်။ ယင်းအတွက် အကူအညီ လိုတဲ့အခါ https://www.facebook.com/groups/googletranslate.mm/ ထဲသို့ အဖွဲ့ဝင်ပြီး မေးမြန်း အကူအညီ တောင်းနိုင်ပါတယ်။
ဘာသာပြန်ပေးတဲ့ ရလဒ်က Zawgyi Font နဲ့ မဟုတ်ပဲ Myanmar Unicode နဲ့သာ ဖြစ်ပါတယ်။ Google အနေဖြင့်လည်း နည်းပညာရှုထောင့်အရ စံချိန်စံညွန်းပြည့်မှီတဲ့ Unicode ကိုသာ ထောက်ပံ့ထားတာကြောင့် အနာဂတ်မှာ Myanmar Unicode font ကိုသာ လူတိုင်း အစားထိုး အသုံးပြုရတော့ဖွယ် ရှိပါတယ်။ Apple, Microsoft, Bing, Facebook စရှိသဖြင့်တို့ကလည်း Myanmar Unicode ကို အသုံးပြုလို့ မြန်မာစာကို ဖော်ပြမှာမို့ ဖြစ်ပါတယ်။
Google Translate မှာ အချက်အလက် နည်းနေသေးတာကြောင့် ဘာသာပြန်တာ Perfect မဖြစ်သေးပါဘူး။ အချက်အလက် ပြည့်သွားသည့်တိုင် ဘာသာပြန်မှုက Perfect မဖြစ်ပါဘူး။ မြန်မာကနေ အင်္ဂလိပ်သိုအင်္ဂလိပ်ကနေလည်း မြန်မာလို ဘာသာပြန်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ဘာသာစကား များသို့လည်း ဘာသာပြန် အသုံးပြုနိုင်ပါသေးတယ်။ အသံနဲ့လည်း အသုံးပြုလို့ ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment